မိမိကိုယ်ကိုယ့် မိမိရှာဖွေပါ/ဆန်းစစ်ပါ
---------------------------------------------------
ဘဝရဲ့နေ့စဉ်တိုင်းမှာ မိမိကိုယ်ကိုယ့် မိမိရှာဖွေရပါ
မယ်။မိမိကိုယ်ကိုယ့် မိမိ ဘာမှန်းမသိတဲ့အခါ ၊ ပျောက်နေ
သော မိမိကိုယ်ကိုယ့် ပြန်မေးကြည့်ပါ။''ငါဟာဘယ်သူလဲ ၊
ငါဟာဘယ်လို အရည်အချင်းရှိတဲ့ သူ တစ်ယောက်လဲ ၊
ဒီနေ့အတွက်ငါဘာ လုပ်နိုင်မလဲ ၊ ဒီနေ့ ငါ ဘာကို ဖြစ်အောင်လုပ်မယ်''။မေးပါ မေးပါ မေးခွန်းများစွာမေးပါ။
မိမိကိုယ်ကိုယ့် မိမိ ဘာမှန်းမသိသောအခါ ၊ မိမိ
ကိုယ်ကိုယ့် မိမိပျောက်နေသောအခါ ၊ တပါးသူရဲ့ ပြောစကားမှာ ၊တပါးသူရဲ့ စေခိုင်းမှုမှာ ၊ တပါးသူရဲ့ ပုံစံခွက်ထဲမှာပဲ ၊ နေ့စဉ်ရှင်သန် နေထိုင်ခြင်းမှာ မိမိဆိုတာ ပျောက်ဆုံးသွားလိမ်မယ်။
နေ့စဉ် အိပ်ယာမှနိုးထတယ်။အမေနှိုးမှထတယ် အဖေနှိုးမှ ထတယ် ၊ ထိုသို့မဟုတ်ပဲ မိမိအသိစိတ်နဲ့ အိပ်ယာကိုစောစောနှိုးထခြင်း ၊ မတူပါဘူး ။သူတပါး နိုးမှ ထခြင်းနဲ့
ကိုယ်ကိုယ့်တိုင်း ကိုယ်အသိနဲ့ကိုယ့်ထခြင်း မတူသော
ဒီအလုပ်နှစ်ခု ဘယ်ဟာက မိမိလဲ။ဒီလိုပါပဲ နေ့စဉ် လုပ်ကိုသွားတယ် ၊အလုပ်က ပြန်တယ် ၊ တစ်နေ့တာ ကုန်ဆုံးသွား
တယ် ၊ဒီလို့ပဲ ဘာမှန်းမသိ အလုပ်သွားတယ် ၊ အလုပ်က ပေးတဲ့တာဝန် ၊ အထက်လူကြီး ခိုင်းတာ လုပ်တယ်။ထိုတာဝန်
ပြီးအောင် လုပ်လိုက်တယ် ၊ အလုပ်က ပြန်လာတယ်။
နေ့စဉ်ပုံမှန်တော့ လည်ပတ်နေပါတယ် ၊ ထိုအလုပ်မှာပဲ
မိမိဆိုတာ ပျောက်ကွယ်နေမှာလား ၊ ကိုယ်အလုပ် လုပ်ခြင်း
သည် ၊ ဘာအတွက်လဲဆိုတာ သိရမယ် ၊ ဘာကြောင့်ဆိုတာ
သိရမယ်။ထိုအလုပ်မှာ မိမိရဲ့ ရည်ရွယ်ချက်ကို သိရမယ်၊
ရည်မှန်းချက် သိရမယ်။ရည်ရွယ်ချက်သည် ဆိုပါတော့
ဝင်ငွေရရှိခြင်းလို့ ၊ ဒါဆို ကိုယ်ရဲ့ ရည်မှန်းချက်က နောက်ဘယ်
နှစ်မှာ ငါရဲ့ ဝင်ငွေ ဘယ်လောက် ဖြစ်ရမယ်ဆိုတာပါ ချမှတ်ထားရမယ်။ ဒါမဟုတ် အလုပ်လုပ်ရခြင်း ရည်ရွယ်ချက်သည် အတွေ့အကြုံ လိုချင်လို့ ၊ ဒါဆို ကိုယ်ရဲ့ရည်မှန်းချက်က အတွေ့အကြုံဘယ်နှစ် နှစ်မှာ ငါ ဘယ်အဆင့် ဘယ်နေရာ ကိုရောက်ရမည်ဆိုတာ ရှိရမည်။အလုပ်က စေခိုင်းခြင်းမဟုတ်ပဲ ၊မိမိကိုယ်ကိုယ့်မိမိရှာဖွေကြည့်''ငါအလုပ်သွားမယ် ၊ ငါ့ရဲ့ အလုပ်တာဝန်က ဒါဖြစ်တယ် ၊ ဒါကြောင့် ဒီနေ့အတွက် တာဝန်နဲ့
ပတ်သတ်တဲ့ ဒီလောက် ငါလုပ်မယ် ၊ ဒီနေ့အတွက် ငါ့ရဲ့လုပ်
နိုင်စွမ်း အရည်အချင်း ဘယ်လောက်ထိ ရောက်ခဲ့တယ်၊
နောက်ဆုံး ပြီမြှောက်တိုင်းမှာ ကိုယ်ကိုယ့် ပြန်လည် ဆန်းစစ်ပါ။
တချို့တွေ ပြောကြတယ်။မိမိရဲ့အားချက်ကို
တခြားသူက ပိုမြင်တယ်။ဒါဆို ထိုသူဟာ မိမိကိုယ်ကိုယ့် မိမိ
မသိလို့ပဲ ။လူတိုင်းသည် မိမိကိုယ်ကိုယ့် မိမိအသိဆုံး လူတစ်
ယောက်ဖြစ်ရပါမယ်။လူတစ်ယောက်ရဲ့ စိတ်ဆိုတာကို တခြားသူဆိုတာအပေါ်ယံပဲ ရှုမြင်နိုင်တယ်။ထိုသို့သော အပေါ်ယံ
ရှုမြင်နိုင်သောသူတစ်ယောက်တောင် ကိုယ်ရဲ့အားနည်းချက်ကို သိမြင်နိုင်သေးတာပဲ ၊ ကိုယ်ဟာ ကိုယ်ရဲ့ အတွင်းစိတ်သဏ္ဍန် သိနိုင်သောသူမို့ ၊ ကိုယ်ရဲ့အားသာချက် ၊ ကိုယ်ရဲ့အားနည်း
ချက်ကိုယ်တိုင်အသိဆုံး ဖြစ်အောင်ကြိုးစားပါ။ဘာကြောင့်လဲ
တခြားသူက ကိုယ်ရဲ့အားနည်းချက်ကို သိတယ်ပဲဆိုပါတော့ ၊
ကိုယ်ဟာ အဲဒီအားနည်းချက်ရဲ့ အခြေခံ အကြောင်းအရင်းကို
သိသူ ဖြစ်ရမယ်။ထိုမှသာ အားချက်နည်းအတွက် ဖြေရှင်းနိုင်
မယ် ၊ ပြုပြင်နိုင်မယ်။
တခါတလေတော့လည်း လူတို့တွေဟာ ၊ အသိမဲ့
တဲ့အခါ ၊ မိမိဆိုတာ ပျောက်ဆုံးနေကြတယ်။ထို့ကြောင့်
ကံကြမ္မာ၏ ကြိုးဆွဲရာမှာပဲ ၊ ကနေကြသည်။ ''ငါဟာ
ကျောင်းသားတစ်ယောက် ၊ ထိုအတွက် ငါကြိုးစားရမည်။
ထိုသူသည် မိမိကိုယ်ကိုယ့် ကျောင်းသားမှန်သိ၍ စားကြိုးခဲ့၍
ထူးချွန်စွာ စာတက်မြှောက်ခဲ့သည်။''ဒီလိုပါပဲ လူတိုဟာ
ဘဝကိုယ်စီမှာ ၊ ဦးတည်မှုတစ်ခု ရှိနေမြဲပါ။''တချို့တွေမှာ
မိမိကိုယ်ကိုယ်မသိသောအခါ ၊ ကျောင်းသားသည်
ကျောင်းသားမှန်းမသိသောအခါ ကျရှုံးမှုနှင့် ကြုံတွေ့ရသည်။
ရည်ရွယ်ချက်ရှိမှ ရည်ချက်မှန်းဖြစ်မည်။မိမိလုပ်နေ
သော အရာတစ်ခု မိမိကိုယ်တိုင်းသိရမည်။ဘာမှန်းမသိ
လုပ်နေသောအခါ ၊ လုပ်သည်လုပ်နေသောလည်း ၊ လုပ်နေ
ခြင်းသာဖြစ်မည် ၊ ဘာမှဖြစ်မလာခဲ့ဘူး။
ကျွန်တော်သည် စာရေးသော်ငြားလည်း ၊ ဟိုအရင်က ရည်ရွယ်ချက်မရှိ ရည်မှန်းချက် မရှိပါ။ထိုအခါ အခါခါ မေးခဲ့မိ
သည်။ဘာအတွက်ကြောင့် စာရေးနေခြင်းလဲ ၊ စာရေးသူတစ်
ယောက်ဖြစ်ခြင်းခဲ့လို့လား ၊ အောင်မြင်ခြင်းလို့လား ၊
ထိုအရာတစ်ခုမှ ရည်ရွယ်ချက်အဖြစ်မရှိလို့ စာရေးနေခြင်းသည်
ရေးခြင်းသာ ဖြစ်သည်။ယခု ကျွန်တော်စာရေးနေသည်
စာဖတ်သူတွေအတွက် ရည်ရွယ်ချက် ၊ နောက်အခါ စာရေးခြင်း
အမှု တိုးတက်ခြင်းသည် ၊ လမ်းကြောင်းတစ်ခုဆီသို့
ရည်မှန်းချက် ဖြစ်သည်။
ယနေ့ ကျွန်တော် ရည်ရွယ်ချက်သည် သစ်ပင်
တစ်ပင်စိုက်ခြင်းပါ ၊ နောင်အခါ အရိပ်ရဖို့ရယ် ၊ အသီး
အပွင့်ရဖို့သည် ရည်မှန်းချက်ဖြစ်သည်။
အားလုံး မိမိကိုယ်ကိုယ့် မိမိရှာဖွေ တွေ့ရှိကြပါစေ။
စာဖတ်သူအားလုံးကို ခင်မင်လေးစာလျက်ပါ။
ဂနွေအောင်
(26/11/2018)
Sunday, February 24, 2019
Saturday, February 23, 2019
ရှင်သန်ခြင်းတိုက်ပွဲ - ဂနွေအောင်
ရှင်သန်ခြင်းတိုက်ပွဲ
------------------------------
ဘဝကိုစိန်ခေါ်ရဲလား?
ရှင်သန်ဖို့ မွေးဖွားလာပြီရင်တော့ ဘဝကို စိန်ခေါ်ရဲ
ရမယ်။ဖြစ်တည်တဲ့ဘဝက ဘာပဲဖြစ်ဖြစ် ၊ ဖြစ်ချင်တဲ့အရာအ
တွက် စိန်ခေါ်ရမယ်။ရှင်သန်ခြင်းဟာ တိုက်ပွဲပဲ. . .
ရည်မှန်းချက်တွေ ရှိပြီလား?
ယှဉ်ပြိုင်ခြင်းတွေကို မွေးဖွားလိုက်ပါ။မိမိရဲ့ဘဝနဲ့
မိမိရည်မှန်းချက်ကို ယှဉ်ပြိုင်ပါ။ဘဝကထုထစ်သော လူတစ်
်ယောက်မဟုတ်ပဲ ဘဝကို မိမိအရည်အချင်းနဲ့ ထုထစ်ပါ။
အောင်မြင်မှုလား? ၊ ရှုံးနိမ့်မှုလား?
လူတိုင်း လိုချင်သော အရာတစ်ခုက အောင်မြင်မှုပါ။
အရင်ဦးဆုံး ကြုံတွေ့ရမှာက ရှုံးနိမ့်မှုပါ။ ဝလုံးဝိုင်းဝိုင်းရေးတက်
ဖို့ ကျောက်တံ ဘယ်နှစ်ချောင်း ဆုံးရှုံးခဲ့ရလဲ ။ ဒီလိုပါပဲ
ဝလုံးရေးတက်မှ ကကြီးရေးရမှာမို့ ကျောက်တံ ဘယ်နှစ်ချောင်း
ဆုံးရှုံးဆုံးရှုံး မမြင်ခဲ့ပဲ ဆက်ကြိုးစားရမယ်။ကြိုးစားနေသ၍
မရှုံးနိမ့်ပါဘူး အောင်မြင်မှုပဲရှိလိမ့်မယ်။အချိန်ဆိုတာတော့
လက်ခံနိုင်စွမ်းရှိရမယ်။
ပန်းတိုင် လား?
ရဲရဲလျှောက် လျှောက်ရဲမှ ခရီးရောက်မည်။ကြောက်
နေသ၍ သူတပါးရဲ့ ဦးဆောင်မှု နောက်ကပဲ လိုက်ရမှာပဲ။ယုန်လို
လည်း စိတ်ကြီးဝင်ပြီ အထင်မြင် သေးတက်တဲ့ စိတ်မရှိနဲ့ ၊ ပန်းတိုင်ကိုပဲ အာရုံပြီ လျှောက်ပါ။ပန်းတိုင်ရောက်မှ အမောဖြေ
ပါ။နောက်ပြီ နောက်ပန်းတိုင်တစ်ခုသို့ ဆက်လျှောက်ပါ။
ပြည့်စုံပြီးလား?
လူတွေရဲ့ စိတ်ဆန္ဒက ဘယ်တော့မှ ပြည့်စုံတယ်လို့
မရှိပါဘူး။မပြည့်တဲ့ စိတ်ဆန္ဒတွေအတွက် နေ့စဉ် လိုအပ်မှုကို
ဖြည့်စွတ်ရင် မပြီးဆုံးသော အရာဖို့ ရောင့်ရဲတက်သော
စိတ်မွေးပါ။ကြိုးစားရင် တစ်နေ့ပြည့်စုံသွားလိမ့်မယ်။
အတိုင်းအတာ တစ်ခုထိပေါ့။
စိန်ခေါ်နိုင်သော ဘဝကို ရည်မှန်းချက်နဲ့ ယှဉ်ပြိုင်ပါ။
အောင်မြင်မှုဆိုတာ ရှုံးနိမ့်မှုအတွက် ကြိုးစားခြင်းပါ။ အချိန်ဆိုတာကို လက်ခံနိုင်စွမ်းရှိရင် တစ်နေ့ပန်းတိုင်ကို
ရောက်ရှိလိမ့်မည်။မပြည့်စုံနိုင်သော စိတ်ဆန္ဒတွေအတွက်
ရောင့်ရဲတက်စွာ ကြိုးစား ဖြည့်စွတ်ရင်း ရှင်သန်ခြင်း တိုက်ပွဲ
ဟာလည်း ဘယ်တော့မှ မပြီးဆုံးပါဘူး။
ဂနွေအောင်
(17/11/2018)
Friday, February 22, 2019
ပြုံးပြလိုက်မယ်- ဂနွေအောင်
ပြုံးပြလိုက်တယ်
--------------------------
ကျွန်တော်ပြုံးတက်လာလို့ ထင်ပါတယ်။
နေ့ရက်တွေထဲအပြုံးတွေပျောက်ပျ
က်ခဲ့တာ ကြာ
ရှည်ပြီ။ဝမ်းနည်းမှုတွေများတဲ့ အချိန်တွေများလို့ ငြီးငွေ့လာ
တယ်။တဖတ်သတ်ဆန်သော ဒဏ်ရာက ဖေးမသူမရှိတဲ့အခါ
တစ်ယောက်တည်း ဝမ်းနည်းမှုတွေ တွေးတောပြီ အပြုံးမဲ့သွား
တယ်။
လူတစ်ယောက်က ကျွန်တော်ကို ပြောတယ်။
''မင်းလူတွေ့ရင် မပြုံးပြတက်ဖူးလား?''
ထိုအချိန် သူရဲ့မေးခွန်းက ပြန်ဖြေဖို့ရာ ခက်ခဲသွားခဲ့သည်။တကယ်တမ်း ကျွန်တော်မှာက ကိုယ်အတွေးနဲ့ ကိုယ်လမ်းလျှောက်တယ် ၊ မျက်လုံးဖွင့်ကတည်းကိုက ပြသနာကမျက်လုံးနှစ်လုံး မှိတ်တဲ့ အထိပေါ့။
နောက်လူတစ်ယောက်က ကျွန်တော်ဆီကို
ဓာတ်ပုံတစ်ပုံပို့တယ် အမှတ်တမဲ့ သူရိုက်ထားတဲ့ ဓာတ်ပုံပါ။
ပျော်ရွှင်စရာအချိန်တွေမှာ ဘာလို့စိတ်ညစ်စရာတွေ တွေး
တောနေတာလဲ။''
ကျွန်တော်မှာ ပြောစရာ စကားများစွာရှိတယ်။
ပြောမထွက်ခြင်းက စာနာမှု ၊ မပေါက်ကွဲပဲ ခံစားချက်ကို
ထိန်ချန့်ထားခြင်းက ကိုယ်လိုခံစားရမှာပဲ ဆိုတဲ့စိတ် ၊ အရာ
ရာကို စဉ်ကျင်ပြီ နေထိုင်ရင် လူတွေကို ပြုံးပြဖို့တောင် သတိ
မရှိတော့ဘူး။
ကိုယ်ကိုအဖြေရှာပြီ ၊ ဘာတွေဖြစ်လို့ဖြစ်မှန်းမသိဘူး။တစ်နေ့မှာ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကျွန်တော် စာတိုတိုတစ်ကြောင်း ရေးသားခဲ့တယ်။
''အပေါ်ယံတွေကို စိတ်နာတယ်''
နောက်ပြီ အဝေးတစ်နေရာမှာ စိတ်တွေကိုပြုပြင်
ဖို့ ကြိုးစားခဲ့တယ်။
''ပတ်ကျင်ဝန်း ဘာပြောခဲ့လဲ။''
''ပတ်ဝန်းကျင် အမြင်မှားအောင် နောက်မလုပ်ပါနဲ့။''
ကျွန်တော် သိရလိုက်သည်။ ဒီပတ်ဝန်းကျင်အတွက်
ခံစားနေရခြင်းက အပိုလုပ်တွေဖြစ်နေပြီ ၊ ကိုယ့်အပေါ် အကောင်းမမြင်တဲ့ ပတ်ဝန်းကျင်အတွက် ကောင်းအောင်
ကြိုးစားဖို့ မလိုအပ်တော့ဘူး။
ရင်ထဲမှာရှိခဲ့သော ခံစားချက်တွေကိုလည်း ထပ်ပြီ
သိမ်းဆည်းဖို့မလိုအပ် ၊ ပြောပြဖို့ မလိုအပ်တော့ဘူးထင်လို့ ခံစားချက်မှန်သမျှ all deleteလုပ်လိုက်တယ်။
နောက်ပြီ ကိုယ်ရဲ့စိတ်တွေကို လှောင်အိမ်ထဲကဖွင့်
အတောင်တွေတပ် လွတ်မြှောက်စေခဲ့သည်။
လွတ်လပ်သောစိတ်က လူတစ်ယောက်ကို ပျော်ရွှင်
စေတယ် ၊ အဓိက ကိုယ်စိတ်ကို ကိုယ့်လွတ်လပ်ခွင့်ပေးဖို့ပါ။
တခါတလေ ပြုံးပြဖို့ ခက်တဲ့အခါ နှလုံးသားထဲကပဲ ပြုံးပြ
လိုက်ပါတယ်။
ဒီနေ့ကစ အမုန်းတရားတွေကျရောက်ခဲ့ရင်တောင်
အပြုံးများနဲ့သာ နှုတ်ဆက်လိုက်ပါမယ်။
ကမ္ဘာကြီး ပျက်မယ်ဆိုရင်တောင် ကျော့ခိုင်းပြီ
ပြုံးပြလိုက်မယ် အမုန်းများမရှိ။
ဂနွေအောင်
(၅/၁၁/၂၀၁၈)
--------------------------
''မင်းမျက်နှာမှာ အရင်လိုမဟုတ်သော အပြုံး
လေးတွေ့လာရပြီ။နာကျင်ဝမ်းနည်းမှုတွေ မရှိတော့လို့ ထင်
တယ်။''
ကျွန်တော်ပြုံးတက်လာလို့ ထင်ပါတယ်။
နေ့ရက်တွေထဲအပြုံးတွေပျောက်ပျ
က်ခဲ့တာ ကြာ
ရှည်ပြီ။ဝမ်းနည်းမှုတွေများတဲ့ အချိန်တွေများလို့ ငြီးငွေ့လာ
တယ်။တဖတ်သတ်ဆန်သော ဒဏ်ရာက ဖေးမသူမရှိတဲ့အခါ
တစ်ယောက်တည်း ဝမ်းနည်းမှုတွေ တွေးတောပြီ အပြုံးမဲ့သွား
တယ်။
လူတစ်ယောက်က ကျွန်တော်ကို ပြောတယ်။
''မင်းလူတွေ့ရင် မပြုံးပြတက်ဖူးလား?''
ထိုအချိန် သူရဲ့မေးခွန်းက ပြန်ဖြေဖို့ရာ ခက်ခဲသွားခဲ့သည်။တကယ်တမ်း ကျွန်တော်မှာက ကိုယ်အတွေးနဲ့ ကိုယ်လမ်းလျှောက်တယ် ၊ မျက်လုံးဖွင့်ကတည်းကိုက ပြသနာကမျက်လုံးနှစ်လုံး မှိတ်တဲ့ အထိပေါ့။
နောက်လူတစ်ယောက်က ကျွန်တော်ဆီကို
ဓာတ်ပုံတစ်ပုံပို့တယ် အမှတ်တမဲ့ သူရိုက်ထားတဲ့ ဓာတ်ပုံပါ။
ပျော်ရွှင်စရာအချိန်တွေမှာ ဘာလို့စိတ်ညစ်စရာတွေ တွေး
တောနေတာလဲ။''
ကျွန်တော်မှာ ပြောစရာ စကားများစွာရှိတယ်။
ပြောမထွက်ခြင်းက စာနာမှု ၊ မပေါက်ကွဲပဲ ခံစားချက်ကို
ထိန်ချန့်ထားခြင်းက ကိုယ်လိုခံစားရမှာပဲ ဆိုတဲ့စိတ် ၊ အရာ
ရာကို စဉ်ကျင်ပြီ နေထိုင်ရင် လူတွေကို ပြုံးပြဖို့တောင် သတိ
မရှိတော့ဘူး။
ကိုယ်ကိုအဖြေရှာပြီ ၊ ဘာတွေဖြစ်လို့ဖြစ်မှန်းမသိဘူး။တစ်နေ့မှာ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကျွန်တော် စာတိုတိုတစ်ကြောင်း ရေးသားခဲ့တယ်။
''အပေါ်ယံတွေကို စိတ်နာတယ်''
နောက်ပြီ အဝေးတစ်နေရာမှာ စိတ်တွေကိုပြုပြင်
ဖို့ ကြိုးစားခဲ့တယ်။
''ပတ်ကျင်ဝန်း ဘာပြောခဲ့လဲ။''
''ပတ်ဝန်းကျင် အမြင်မှားအောင် နောက်မလုပ်ပါနဲ့။''
ကျွန်တော် သိရလိုက်သည်။ ဒီပတ်ဝန်းကျင်အတွက်
ခံစားနေရခြင်းက အပိုလုပ်တွေဖြစ်နေပြီ ၊ ကိုယ့်အပေါ် အကောင်းမမြင်တဲ့ ပတ်ဝန်းကျင်အတွက် ကောင်းအောင်
ကြိုးစားဖို့ မလိုအပ်တော့ဘူး။
ရင်ထဲမှာရှိခဲ့သော ခံစားချက်တွေကိုလည်း ထပ်ပြီ
သိမ်းဆည်းဖို့မလိုအပ် ၊ ပြောပြဖို့ မလိုအပ်တော့ဘူးထင်လို့ ခံစားချက်မှန်သမျှ all deleteလုပ်လိုက်တယ်။
နောက်ပြီ ကိုယ်ရဲ့စိတ်တွေကို လှောင်အိမ်ထဲကဖွင့်
အတောင်တွေတပ် လွတ်မြှောက်စေခဲ့သည်။
လွတ်လပ်သောစိတ်က လူတစ်ယောက်ကို ပျော်ရွှင်
စေတယ် ၊ အဓိက ကိုယ်စိတ်ကို ကိုယ့်လွတ်လပ်ခွင့်ပေးဖို့ပါ။
တခါတလေ ပြုံးပြဖို့ ခက်တဲ့အခါ နှလုံးသားထဲကပဲ ပြုံးပြ
လိုက်ပါတယ်။
ဒီနေ့ကစ အမုန်းတရားတွေကျရောက်ခဲ့ရင်တောင်
အပြုံးများနဲ့သာ နှုတ်ဆက်လိုက်ပါမယ်။
ကမ္ဘာကြီး ပျက်မယ်ဆိုရင်တောင် ကျော့ခိုင်းပြီ
ပြုံးပြလိုက်မယ် အမုန်းများမရှိ။
ဂနွေအောင်
(၅/၁၁/၂၀၁၈)
Tuesday, February 12, 2019
ငါ့သည်ဗိုလ်ချုပ် - ဂနွေအောင်
ငါ့သည်ဗိုလ်ချုပ်
±±±±±±±±±±±±±
ငါ့သည်ဗိုလ်ချုပ် ဟန်မလုပ်
ရိုးသားခြင်းသည် ငါ၏ဂုဏ်ပုဒ်
ငါ့သည်ဗိုလ်ချုပ် မာန်မလုပ်
ရဲရင့်ခြင်းသည် ငါ၏ဂုဏ်ပုဒ်
ငါ့သည်ဗိုလ်ချုပ် မမော်ကြွား
ကျော်ဇောခြင်းသည် အလုပ်၏သက်သေ
င့ါ၏ဂုဏ်အင် တိုင်သူပြည်သားကြည့်ရှုပါလော။
သူတို့ချမ်းသာ ငါချမ်းသာ၏
သူတို့ဆင်းရဲ ငါဆင်းရဲ၏
ငါပိုင်ပစ္စည်း ငါ့၏ပြည်သူ
ငါ့ထိမ်းသိမ်းလို့ ကာကွယ်စောင့်ရှောက်။
ငါ့သည်ဗိုလ်ချုပ် မာနလူသား
ငါတိုင်းပြည်နဲ့ငါ့လူမျိုးသာ ငါ့၏အသက်
ငါ့ပေးဆပ်မည် နောက်ဆုံးထွက်သက်
ငါ့၏တာဝန် ကျေပွန်ရဲ့လား တိုင်းသူပြည်သားတို့။
GanwayAung
(6.2.2018)
±±±±±±±±±±±±±
ငါ့သည်ဗိုလ်ချုပ် ဟန်မလုပ်
ရိုးသားခြင်းသည် ငါ၏ဂုဏ်ပုဒ်
ငါ့သည်ဗိုလ်ချုပ် မာန်မလုပ်
ရဲရင့်ခြင်းသည် ငါ၏ဂုဏ်ပုဒ်
ငါ့သည်ဗိုလ်ချုပ် မမော်ကြွား
ကျော်ဇောခြင်းသည် အလုပ်၏သက်သေ
င့ါ၏ဂုဏ်အင် တိုင်သူပြည်သားကြည့်ရှုပါလော။
သူတို့ချမ်းသာ ငါချမ်းသာ၏
သူတို့ဆင်းရဲ ငါဆင်းရဲ၏
ငါပိုင်ပစ္စည်း ငါ့၏ပြည်သူ
ငါ့ထိမ်းသိမ်းလို့ ကာကွယ်စောင့်ရှောက်။
ငါ့သည်ဗိုလ်ချုပ် မာနလူသား
ငါတိုင်းပြည်နဲ့ငါ့လူမျိုးသာ ငါ့၏အသက်
ငါ့ပေးဆပ်မည် နောက်ဆုံးထွက်သက်
ငါ့၏တာဝန် ကျေပွန်ရဲ့လား တိုင်းသူပြည်သားတို့။
GanwayAung
(6.2.2018)
Saturday, February 9, 2019
Crush -ဂနွေအောင်
Crush
-------------------------------
ငါ့ရင်ခွင်မှာ
ခံစားမိ
ရင်ခုန်ခြင်းလေး ရှိလေရဲ့။
အမှတ်တမဲ့
တိုက်ဆိုင်ခြင်း
ရှေးရေစက်လည်း ရှိနိုင်သည်။
မင်းကမသိ
ချစ်နေမိ
နှလုံးသားက ပြောပါတယ်။
တဖတ်သတ်မို့
ကြိတ်ခါရူး
မျှော့်လင့်ချက်လေး ရှိနေသည်။
မင်းကိုမြင်တိုင်း
တရားမှတ်
ချစ်တယ်ချစ်တယ် ခါခါရွတ်။
ကြိမ်ကြိမ်တိုင်းလည်း
ရင်ခုန်သည်
ဖွင့်ကာပြောဖို့ ရည်ရွယ်သည်။
ဆိုင်သူရှိမှန်း
ငါသိခဲ့
ရင်ခွင်မှာတော့ ကမ္ဘာပျက်။
သို့ပေမယ်လည်း
အချစ်က
ချစ်နေဖို့က အဓိက။
ဂနွေအောင်
(16.10.2018)
-------------------------------
ငါ့ရင်ခွင်မှာ
ခံစားမိ
ရင်ခုန်ခြင်းလေး ရှိလေရဲ့။
အမှတ်တမဲ့
တိုက်ဆိုင်ခြင်း
ရှေးရေစက်လည်း ရှိနိုင်သည်။
မင်းကမသိ
ချစ်နေမိ
နှလုံးသားက ပြောပါတယ်။
တဖတ်သတ်မို့
ကြိတ်ခါရူး
မျှော့်လင့်ချက်လေး ရှိနေသည်။
မင်းကိုမြင်တိုင်း
တရားမှတ်
ချစ်တယ်ချစ်တယ် ခါခါရွတ်။
ကြိမ်ကြိမ်တိုင်းလည်း
ရင်ခုန်သည်
ဖွင့်ကာပြောဖို့ ရည်ရွယ်သည်။
ဆိုင်သူရှိမှန်း
ငါသိခဲ့
ရင်ခွင်မှာတော့ ကမ္ဘာပျက်။
သို့ပေမယ်လည်း
အချစ်က
ချစ်နေဖို့က အဓိက။
ဂနွေအောင်
(16.10.2018)
Subscribe to:
Posts (Atom)
မိမိကိုယ်ကိုယ့် မိမိရှာဖွေပါ/ဆန်းစစ်ပါ - ဂနွေအောင်
မိမိကိုယ်ကိုယ့် မိမိရှာဖွေပါ/ဆန်းစစ်ပါ --------------------------------------------------- ဘဝရဲ့နေ့စဉ်တိုင်းမှာ မိမိကိုယ်ကို...
-
မိမိကိုယ်ကိုယ့် မိမိရှာဖွေပါ/ဆန်းစစ်ပါ --------------------------------------------------- ဘဝရဲ့နေ့စဉ်တိုင်းမှာ မိမိကိုယ်ကို...
-
ရှင်သန်ခြင်းတိုက်ပွဲ ------------------------------ ဘဝကိုစိန်ခေါ်ရဲလား? ရှင်သန်ဖို့ မွေးဖွားလာပြီရင်တော့ ဘဝ...
-
Crush ------------------------------- ငါ့ရင်ခွင်မှာ ခံစားမိ ရင်ခုန်ခြင်းလေး ရှိလေရဲ့။ အမှတ်တမဲ့ တိုက်ဆိုင်ခြင်း ရှေးရေစက်လည်း ရှိနု...



